လက်သည်းကရှည်ရှည် အန္တရာယ်က ခပ်များများ
27-Feb-2017
လက်သည်းဟာ မိန်းကလေးတွေအဖို့ အလှဆင်စရာ နေရာတစ်ခုပါ။ အသားအရေ ကလည်းလှ၊ မျက်နှာကလည်းလှ၊ ဆံပင်ကလည်းလှနေပေမဲ့ လက်သည်း၊ ခြေသည်းတွေ က မလှနေရင် ပြည့်စုံမှာမဟုတ်ပါဘူး။ ဒါကြောင့် လက်သည်းအရှည်ထားတာ၊ လက်သည်းအတုတပ်တာ၊ လက်သည်းပုံဖော် အရောင်ခြယ်တာ၊ ဆေးဆိုးတာတွေ လုပ်ကြတာပါ။ တကယ်တော့ လက်သည်းတွေဆိုတာ သန့်ရှင်းကျန်းမာနေဖို့ပဲ အဓိကလိုအပ်တာပါ။ လက်သည်းရှည်ရှည်ထားတိုင်း အလှတိုးချင်မှတိုးတာပါ။
လှပတဲ့သမင်ချိုဟာ သစ်ပင်ချုံနွယ်တွေငြိပြီး အန္တရာယ်များသလိုပဲ သက်သည်း ရှည်ရှည်တွေကလည်း မကြာခဏ ထိမိခိုက်မိတတ်ပါတယ်။ မတော်တဆ သူများကိုလည်း တိုက်မိတတ်ပါတယ်။ နောက်ပြီး တံခါးကြားညှပ်တာမျိုး၊ ဇစ်ဆွဲရင်း ညှပ်တာမျိုးလည်း ကြုံရနိုင်ပါတယ်။ ကွန်ပျူတာသုံးတာတို့၊ တယ်လီဖုန်းနဲ့ စာရိုက်တာတို့မှာလည်း အခက်တွေ့ပါတယ်။ နှေးတာပေါ့။ ရှည်လေ ဒဏ်ရာအနာတရ ရနိုင်တာပေါ့။ အဲဒီလို ဒဏ်ရာရသွားတဲ့ လက်သည်းတွေမှာ မှိုစွဲလွယ်ပါတယ်။ မှိုစွဲရင် လက်သည်းတွေ ပုံပျက်ပန်းပျက်နှင့် ဝါကြန့်ကြန့်အရောင် ပြောင်းကုန်ပါတော့တယ်။
ကုတဲ့အခါမှာလည်း ဆေးတွေကစျေးကြီးတဲ့အပြင် အကြာကြီးဆေးသောက်ရတာပါ။ လက်သည်းတစ်ချောင်း ပြန်ထွက်ဖို့ဆိုရင် ငါးလ၊ ခြောက်လလောက်တောင် ကြာတာပါ။ အထွက်နှေးတာကိုး၊ ခြေသည်းဆို ပိုလို့တောင်ကြာပါတယ်။ အေတိုးပစ်နှင်းခူဆိုတဲ့ အလွန်ယားတဲ့ အရေပြားရောဂါ ရှိသူတွေမှာလည်း လက်သည်းတွေက တကယ့်ကို ပြဿနာပါ ။ ယားလို့ကုတ်၊ ကုတ်လို့ယားနဲ့ ရောဂါက အတောမသတ်တော့ပါဘူး။ လက်သည်းကြောင့် ပဲ့ရာ၊ ခြစ်ရာတွေ ဗရပွနဲ့ပါ။
လက်သည်းတိုတိုထားပါလက်ဆေးပါ
လက်သည်းကို တိုတိုညှပ်၊ မှန်မှန်ညှပ်ဖို့ အလွန်အရေးကြီးပါတယ်။ နောက်ပြီး မကြာခဏ လက်ဆေးဖို့ပါ။ တစ်မိနစ်လောက် အချိန်ယူပြီး ဆပ်ပြာနဲ့ လက်ဆေးလိုက် တာက ခုဆွေးနွေးခဲ့တဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ကာကွယ်ပြီးသား ဖြစ်သွား မှာပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာကျော်ကျော်
Ziwaka magazine, February 2016, Pg. 60-64
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
